မိုင်းယောင်း မတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်နှင့် ခရိုင်/မြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနဖြစ်သော အ.ထ.က(မိုင်းယောင်း)ကျောင်းတွင် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာဖြေခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာမေးပွဲဖြေဆိုသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှုအား လိုက်လံစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)