လဲချားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေး

လဲချား မတ် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင်ကျင်းပမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အ.ထ.က (လဲချား) ကျောင်းသို့ ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးနန်းတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည် အဆိုပါကျောင်းတွင် စာမေးပွဲဖြေဆိုမည့် ကလေးများအတွက် ​ဖြေဆိုခန်းများစီစဉ်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးရန်စီစဉ်ထားရှိမှု၊ မီးဘေးလုံခြုံရေးစီမံထားရှိမှု၊ အတွင်းစည်း အပြင်စည်းလုံခြုံရေးအတွက် စီစဉ်ထားရှိမှု၊ စာဖြေခန်းများ လေဝင်လေထွက်ကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ယပ်မှုရှိစေရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိဆရာ/ဆရာမများက ရှင်းလင်းပြသခဲ့ပါသည်။  ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲသို့ ဘာသာတွဲအလိုက် ကျောင်းသား/ကျောင်းသူ (၉၃) ဉီး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည််။

မြို့နယ် (ပြန်/ဆက်)