လင်းခေး မတ် ၁၄
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လင်းခေးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၏အစီအစဥ်ဖြင့် လင်းခေးမြို့ နွေရာသီအပူရှောင်စခန်းဖွင့်ပွဲအ ခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက လင်းခေးမြို့၊မဟာဝိဟာရ ပရိယတ္တိစာသင်တိုက်(ကျောင်းကြီးကျောင်း)ပုရိဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအပူရှောင်စခန်း(၂)ခုအား လင်းခေးမြို့နယ်၊ မဟာဝိဟာရပ ရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တရာဇဝံသ (မြို့နယ်သံဃာ့အကျိုးတော်ဆောင်)၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) (လင်းခေး)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးနေဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်နှင့် “နမ့်ခုံး”ရှမ်းများပရဟိတအသင်း(ခွဲ)လင်းခေးမြို့နယ်ဥက္ကဋ္ဌ ဒေါ်နန်းရွှေဌေးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပါ သည်။
ဤအပူရှောင်စခန်းအား ဖွင့်လှစ်ပေးရခြင်းမှာ နွေရာသီကာလအတွင်း လင်းခေးမြို့၏ပူပြင်း ခြောက်သွေ့သည့်ရာသီဥတုဒဏ်မှကာကွယ်ပေးနိုင်ရန်နှင့် သက် ကြီးရွယ်အိုများသာမက၊ကလေး သူငယ်များအတွက် အပူဒဏ်ရှောင် အနားယူအပန်းဖြေနေနိုင်စေရန် ရည်ရွယ်လျက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အပူရှောင်စခန်း(၂)ခုဖြင့်( ၁၂-၃- ၂၀၂၅)ရက်နေ့မှ (၁၀-၄-၅၀၂၅) ရက်နေ့အထိ ဖွင့်လှစ်ထားရှိပေးသွားမည်ဖြစ်ကြောင်း၊ အပူရှောင်လာရောက်ကြသည့်အများ ပြည်သူတို့အတွက် သောက်ရေသန့်၊ အအေးဖျော်ရည်များ၊ အာဟာရအစားအစာများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပံ့ပိုးပေးမှုရန်ပုံငွေ၊ မြို့နယ်စေတနာအလှူရှင်များနှင့် မြို့နယ်အပူရှောင်စခန်းတာဝန်ရှိသူတို့ပူး ပေါင်းကာဧည့်ခံကျွေး မွေးပေးခြင်းအား နေ့စဥ်ဆောင်ရွက်ပေးသွားရန် စီစဥ်ဆောင်ရွက်ထားကြောင်း လင်းခေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)