မောက်မယ်မြို့နယ်၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

မောက်မယ် မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မြို့နယ်သံယာ့နာယကအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရှင်သာမဏေသံယာတော်များ နွေရာသီအားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အနာဂတ်အနေဖြင့် လိုက်နာရမည့် ပြည်သူ့နီတိများကို သိရှိကာ ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန် ရည်ရွယ်၍ အောင်မင်္ဂလာမွေတော်ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ရှင်သာမဏေသံယာတော်များအား နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။ 

ထိုသင်တန်းကို ပညာရေးဌာနမှ သင်တန်းနည်းပြ ဆရာမ(၁၂)ဦးတို့က နေ့စဉ်ရုံးဖွင့်ရက်အတိုင်း (၁)လကြာ သင်ကြားပေးမည်ဖြစ်ပြီး ရှင်သာမဏေသံယာတော်များ ၇၂ ပါး တက်ရောက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)