မိုင်းရှူးမြို့၌ နွေရာသီအခြေခံအားကစားသင်တန်း ဆက်လက်သင်ကြားပို့ချ

မိုင်းရှူး မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားနည်းသင်တန်းကို မြို့မအားကစားကွင်း၌ မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက နည်းပြဆရာများက (၁၈)ရက်နေ့မြောက်အဖြစ် ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။

အဆိုပါ နွေရာသီအခြေခံအားကစားနည်းသင်တန်းတွင် လူငယ်လေးများအား အားကစားနည်း အခြေခံပိုင်ပိုင်နိုင်နိုင်နှင့် နည်းစနစ်မှန်ကန်စွာ ကစားတတ်စေနိုင်ရန် ရည်ရွယ်၍ နည်းပြဆရာ(၁၀)ဦးက ဘောလုံးအားကစားသင်တန်းတွင်(၉၈)ဦး၊ ပိုက်ကျော်ခြင်း(၄၀)ဦး၊ ကြက်တောင်ရိုက်(၃၀)ဦး၊ စားပွဲတင်တင်းနစ်(၃၀)ဦး၊ Fitness dance အက(၇၀)ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ(၂၆၅)ဦး တက်ရောက်လျက်ရှိကြောင်း အဆိုပါ နွေရာသီအားကစားသင်တန်းအားနေ့စဥ် နံနက်ပိုင်းတစ်ကြိမ်နှင့် မွန်းလွဲပိုင်းတွင်တစ်ကြိမ် သင်ကြားပို့ချကြောင်း နည်းစနစ်မှူး ဦးကျော်ဝင်းထံမှ သိရသည်။

သန်းလူ(ပြန်/ဆက်)