လဲချား မတ် ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့တွင် နွေရာသီကာလကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကိုယ်ကာယ ကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနက အချိန်ပိုင်းအလိုက် မတ်လ (၂) ရက်နေ့မှစတင်၍ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းတွင် မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်(tennis)၊ အေရိုးဗစ်၊ ကြက်တောင်ရိုက် စသည့်အားကစားနည်းများကို မတ်လ(၃၁) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)