ဟိုပုံးမြို့နယ်၌ အစိုးရ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဟိုပုံး မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က  သီရိမင်္ဂလာသာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တုံခမ်းဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တအာလောက က ပါဠိပထမပြန် စာမေးပွဲဆိုင်ရာ ဩဝါဒကထာများ ချီးမြှင့်တော်မှုပြီး ဟိုခိုဘုန်းတော်ကြီးကျောင်း ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌက နေ့အလိုက်အလှူရှင်များ၏စာရင်းကို မိန့်ကြားသည်။  ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်ကျောင်းအသီးသီးမှ ဆရာတော်၊ သံဃာတော်များ အစိုးရ ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေးအတွက် စာမေးပွဲဖြေဆိုကျင်းပမည့်နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆရာတော်၊ သံဃာတော်များအတွက် စာမေးပွဲဖြေဆိုသည့်နေ့အလိုက် စာဖြေသံဃာများအတွက် ဆွမ်း၊ ကွမ်း၊ လှူဖွယ်ဝတ္ထုများ၊ ဝေယျာဝဇ္ဇကိစ္စများ ကြိုတင်ပြင်ဆင်မည့်လုပ်ငန်းများကို လျှောက်ထားသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ်လ (၃၁) ရက်နေ့တွင် သီရိမင်္ဂလာသာသနာ့ဗိမာန်၌ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းများကို ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၃၆၉) ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ 

ပအိုဝ်းဒေသ(ပြန်/ဆက်)