မိုင်းစံ မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မိုင်းစံမြို့ တရုတ်ကျူရှင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကို အသုံးချတတ်စေရန် စာပေဖတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးဆိုင်ရာများနှင့် စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်များ ဝေဖန်ပိုင်းခြားတတ်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး "စာတတ်မြောက်ခြင်း၏ အကျိုး" စာပေရဲ့ကျေးဇူး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
မိုင်းစံ(ပြန်/ဆက်)