ရှမ်းပြည်နယ်

ဟိုပုံးမြို့နယ်၌  ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ကျိုင်းတုံမြို့၌ ရုံးစာရေးသားနည်း၊ သတင်းရေးသားနည်းနှင့် စာကြည့်တိုက်ပညာသင်တန်း(၁/၂၀၂၅)သင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ရုံးစာရေးသားနည်း၊ သတင်းရေးသားနည်းနှင့် စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

မိုင်းယောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်မတော်တဆမှု မဖြစ်ပွားစေရေးအတွက် ယမန်နေ့မွန်းလွဲ ၄ နာရီခွဲခန့်က ဗလမင်းထင်လမ်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းကို ပြုလုပ်ခဲ့သည်။

ပင်လောင်းမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ချရေး၊ သစ်ပင်၏တန်ဖိုးများအား အလေးထားပြီး သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနှင့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းသာယာလှပစေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

လွိုင်လင်မြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် စပါးနှင့် သီးနှံပျက်စီးခဲ့သော တောင်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်း ၌ ၂၀၂၄ ခုနှစ် ၊စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်းကြောင့် စပါးနှင့် သီးနှံပျက်စီးခဲ့သော တောင်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က  ဌာနဆိုင်ရာရုံးများထံ သွားရောက်အခမဲ့ငှားရမ်းပေးခဲ့ကြသည်။

မိုင်းရှူးမြို့၌ စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီက စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ရှင်သာမဏေများအတွက် ပရိယတ္တိစာသင်ဝိုင်း ဖွင့်လှစ်သင်ကြားပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၅-၂၀၂၆ စာသင်နှစ်၊  ရှင်သာမဏေများအတွက် ပရိယတ္တိစာသင်ဝိုင်းကို ယမန်နေ့ မနက်ပိုင်းမှစ၍  စတင်သင်ကြားပေးလျက်ရှိသည်။

ကျိုင်းတုံမြို့နယ်တွင် တရားမဝင် Online လောင်းကစားဂိမ်း ပြုလုပ်နေသည့် တရားခံ ကျား ၃ ဦးနှင့် မ ၃ ဦး၊ စုစုပေါင်း ၆ ဦးတို့အား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် တရားမဝင် Online လောင်းကစားဂိမ်းပြုလုပ်နေသည့် တရားခံ ၆ ဦးအား ဇွန် ၃ ရက် နံနက် ၁၀ နာရီခန့်က အမှတ်(၁)ရပ်ကွက်၊ ယန်းခမ်းအထက်ရွာရှိ KPL Computer သင်တန်းနှင့် မိုင်းဇင်းကျေးရွာအုပ်စု ပန်ဆွန်ကျေးရွာ၌  ဖမ်းဆီးရမိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်