လွိုင်လင်မြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် စပါးနှင့် သီးနှံပျက်စီးခဲ့သော တောင်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်

လွိုင်လင် ဇွန် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်း ၌ ၂၀၂၄ ခုနှစ် ၊စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်းကြောင့် စပါးနှင့် သီးနှံပျက်စီးခဲ့သော တောင်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ပါသည်။

ဦးစွာ လွိုင်လင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွဋ်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့နောက် ထောက်ပံ့ငွေများကို ပေးအပ်ရာ  ခေါက်နွဲ့ကျေးရွာအုပ်စုမှ တောင်သူ ၂၄၈ ဦး၏ သီးနှံထိခိုက်ပျက်စီး (၃၀၆) ဧကအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ် (၃၀၆) သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်က ပေးအပ်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ လက်ခံရယူပါသည်။ ထို့အတူ ဆင်ခြေဖုန်းကျေးရွာအုပ်စုမှ တောင်သူ (၁၂၈) ဦး၏ ထိခိုက်သီးနှံဧက (၂၂၂) ဧက အတွက် ထောက်ပံ့ငွေ (၂၂၂) သိန်းကိုလည်းကောင်း ၊ မိုင်းပွန်ကျေးရွာအုပ်စု မှ တောင်သူ (၁၂၈)ဦး၏ ထိခိုက်သီနှံဧက (၁၀၇) ဧကအတွက် ထောက်ပံ့ငွေ (၁၀၇) သိန်းကို လည်းကောင်း ၊ တောင်နောက်ကျေးရွာအုပ်စု မှ တောင်သူ (၆၄) ဦး၏ထိခိုက်သီးနှံ(၅၇) ဧက အတွက် ထောက်ပံ့ငွေ (၅၇)သိန်းကိုလည်းကောင်း ၊ လွိုင်လင်မြို့မအုပ်စုမှ တောင်သူ (၆) ဦး၏ ထိခိုက်သီးနှံ (၁၃) ဧက အတွက် ထောက်ပံ့ငွေ (၁၃)သိန်းကိုလည်းကောင်း ၊ ပန်ဝိုးကျေးရွာအုပ်စုမှ တောင်သူ (၁) ဦး၏ ထိခိုက်သီးနှံပျက်စီး (၁) ဧက အတွက် ထောက်ပံ့ငွေ (၁) သိန်းကျပ်ကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပေးအပ်ကြရာ ကျေးရွာကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ယနေ့ ပြုလုပ်သည့် ရာဂီမုန်တိုင်းကြောင့် စပါးနှင့်သီးနှံဧက ပျက်စီးမှုအပေါ် ထောက်ပံ့ငွေပေးအပ်ရာတွင် လွိုင်လင်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၆) အုပ်စုမှ တောင်သူ  (၅၀၃) ဦး၏ ထိခိုက်သီးနှံပျက်စီးမှု စုစုပေါင်း (၇၀၆)ဧကအတွက် ထောက်ပံ့ငွေ (၇၀၆) သိန်းကို ပေးအပ်ခဲ့ကြောင်းသိရသည်။

လွိုင်လင်မိုး