မိုင်းကိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ရှင်သာမဏေများအတွက် ပရိယတ္တိစာသင်ဝိုင်း ဖွင့်လှစ်သင်ကြားပေး

မိုင်းကိုင် ဇွန် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၅-၂၀၂၆ စာသင်နှစ်၊  ရှင်သာမဏေများအတွက် ပရိယတ္တိစာသင်ဝိုင်းကို ယမန်နေ့ မနက်ပိုင်းမှစ၍  စတင်သင်ကြားပေးလျက်ရှိသည်။

ပရိယတ္တိစာသင်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးနှင့် ဝန်ထမ်းများက ဦးဆောင်၍  ရှမ်းပြည်နယ်လုံးဆိုင်ရာ  သံဃာ့ကော်မတီက  ဦးစီးထုတ်ဝေသည့် သင်ရိုးသစ်များအတိုင်း  မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်နှင့်  သင်္ချာဘာသာရပ်များကို  နေ့စဉ်  မနက် ၈ နာရီမှ ၉ နာရီခွဲအထိသင်ကြားကာ ပညာဒါနပြုသွားကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပရိယတ္တိစာသင်ဝိုင်းသို့ မိုင်းကိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ကျောင်းခမ်းဘုန်းတော်ကြီးကျောင်းမှ မူလတန်းပထမအဆင့်  ရှင်သာမဏေ (၁၀)ပါး၊ မူလတန်းဒုတိယအဆင့် ရှင်သာမဏေ (၈) ပါး၊ စုစုပေါင်းရှင်သာမဏေ (၁၈)ပါးတို့က တက်ရောက်လျက်ရှိပြီး  ၂၀၂၅-၂၀၂၆ စာသင်နှစ် ပြီးမြောက်သည်အထိ ပရိယတ္တိစာသင်ဝိုင်းကို အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချော(မိုင်းကိုင်)