ကျိုင်းတုံ ဇွန် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ရုံးစာရေးသားနည်း၊ သတင်းရေးသားနည်းနှင့် စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (ကျိုင်းတုံ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးအားဗျေ့ (ခ) ဦးအေးမောင်က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင် က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (ကျိုင်းတုံ)၊ ကျိုင်းတုံခရိုင်ရုံး၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ တုံတာမြို့နယ်/မြို့ရုံးများမှ ဝန်ထမ်း ၁၅ ဦး တက်ရောက်ပြီး ဇွန် ၆ ရက်မှ ၁၂ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)