မိုင်းရှူး ဇွန် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီက စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က လူအများသုံးစွဲပြီး စွန့်ပစ်လိုက်သည့် ပလတ်စတစ်များသည် နှစ်ပေါင်းရာချီ မဆွေးမမြေ့ဘဲ စုပုံနေတက်ကြောင်း၊ ဆိုးကျိုးအနေဖြင့် စွန့်ပစ်သည့် ပစ္စည်းများသည် လေထု၊ ရေထုနှင့် သဘာဝပတ်ဝန်းကျင်များကို ညစ်ညမ်းစေခြင်း၊ လူနှင့်အခြားသက်ရှိသတ္တဝါများကို အန္တရာယ်ပြုနိုင်ခြင်း၊ ရာသီဥတုကို ပြောင်းလဲခြင်း၊ ပလတ်စတစ်များထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် နှလုံးသွေးကြောရောဂါ၊ အဆုတ်ပျက်စီးခြင်း၊ အူရောင်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အဝလွန်ခြင်း၊ အာရုံကြောရောဂါများဖြစ်တက်သဖြင့် ပလတ်စတစ်များအား စနစ်တကျသုံးစွဲ၍ စွန့်ပစ်သင့်ကြောင်း အကျယ်တဝင့် ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ဆရာ၊ ဆရာမများနှင့် Grade-6 မှ Grade-12 ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)