ရှမ်းပြည်နယ်

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

မတ်လ(၂၈)ရက် နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်းတော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဘုရားဖူးလာ ပြည်တွင်းပြည်ပဧည့်သည်များ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဘုရားဂေါပကအဖွဲ့မှ စံကျောင်းတော်ပေါ်သို့ တက်ရောက်ဖူးမြော်ကြည်ညိုခွင့်ကို ယာယီပိတ်ထားခဲ့သည်။

ရာဂီမုန်တိုင်းကြောင့် သီးနှံပျက်စီးခဲသော တောင်သူများအားထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ရာဂီမုန်တိုင်းကြောင့် သီးနှံပျက်စီးခဲသော တောင်သူများအားထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်ပန်ခန်းမ၌ ယမန်နေ့ မွန်းလွဲ  ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဝိုးလိုင်းကျေးရွာအုပ်စု၊ (၃)မိုင်ကျေးရွာ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

လဲချားမြို့နယ်တွင် ၆၆/၆ မရှိ နှင့် (နိုင်)မရှိသူများအား ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများ အရောက်ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ၆၆/၆ မရှိ နှင့် (နိုင်)မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က နောင်မိန်း၊ ဟိုနောင်အွမ်၊ ဖွေးဟိုင်း၊ ဟိုဖိုင် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ဟိုပုံးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်နည်းပညာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီအချိန်က မိုင်းခတ်မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများအား စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးစာစောင်များ ပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြေစိုက်နံရံကပ်စာစောင်ပြသခြင်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။

အင်းလေးဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက အင်အားပြင်းထန်သည့် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိ ကျေးရွာများ၌ ပြည်လည်ထူထောင်နိုင်ရေးလုပ်ငန်းများကို ဆက်လက်၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသီးနှံများထိခိုက်ပျက်စီးမှုအပေါ် မျိုးစေ့နှင့် သွင်းအားစုများ ထည့်သွင်းနိုင်ရန် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ရာဂီမုန်တိုင်းဒဏ်ကြောင့် စပါးနှင့် အခြားသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့ ယာယီဈေး ရာနှုန်းပြည့် တည်ဆောက်ပြီးစီး၍ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် မြို့မဈေးနေရာ၌ ယာယီဈေးတည်ဆောက်နေမှုအား ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ဈေဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်