မိုင်းပျဉ်း အ.ထ.ကတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေး ရှင်းလင်းပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်း၏ နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။