မက်မန်း ဇွန် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် နေပြည်သူများအား ယာဉ်အန္တရာယ်/ လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် မက်မန်းမြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အတွင်းရေးမှူး ရဲမှူးညွန့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အဖွဲ့ဝင်-၁ ဗိုလ်မှူးသောင်းစိန်နှင့် အဖွဲ့ဝင်များက ဗိုလ်ချုပ်လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် များအား ယာဉ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ယာဉ်မောင်းနှင်သူတစ်ဦးလိုက်နာရမည့်စည်းကမ်းချက်များ၊ မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်စည်းကမ်းနှင့်အညီ မောင်းနှင်ခြင်းရှိ/မရှိ၊ ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်း ရှိ/မရှိ၊ ဥပဒေနှင့်မလွတ်ကင်းသည့်ပစ္စည်းများ တင်ယူသယ်ဆောင်လာခြင်းရှိ/မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သည့် ဥပဒေများနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အေဇက်ထွန်း(မက်မန်း)