ပင်လုံ ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ဇွန်လ ၁၂ ရက်နေ့တွင်ကြရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှထုတ်ဝေသည့် ချယ်ရီမြေလက်ကမ်းစာစောင်များအား ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဖြန့်ဝေခဲ့သည်။
အဆိုပါ ချယ်ရီမြေလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေးဝိုင်းဝန်းကူညီစောင့်ရှောက်ပေး၊ စာရေးဆရာ မြနှင်းသုန်၏ “သင့်ကြောင့်”(ကဗျာ)၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏အသက်အရွယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးဝန်ထမ်းများက အများပြည်သူများသိရှိစေရန်ရည်ရွယ်၍ လူစည်ကားရာစျေးများ၊ စျေးဆိုင်ခန်းများ၊ စက်ရုံအလုပ်ရုံများ၊ လက်ဖက်ရည်ဆိုင်များတွင် ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)