ကလော ဇွန် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီက ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ခဲ့၍ စပါးနှင့် အခြားသီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိတို့က ကလောမြို့နယ်အတွင်းရှိ ကျေးရွာနေတောင်သူများ၏ ရေကြီးနစ်မြုပ်ပျက်စီးဆုံးရှုံးခဲ့သော စပါးနှင့် အခြားသီးနှံစိုက်ဧက (၃၀၄)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)