ကျိုင်းလပ်မြို့၌ ကမ္ဘာကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ချယ်ရီမြေလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျိုင်းလပ် ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၅ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ချယ်ရီမြေလက်ကမ်းစာစောင်များကို ယနေ့နံနက်က ကျိုင်းလပ်မြို့ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃)ရပ်၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ စာရေးဆရာ မြနှင်းသုန်၏ “သင့်ကြောင့်”ကဗျာ၊ ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ၁၉၅၁ ခုနှစ် အလုပ်ရုံများဥပဒေ ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေမှ ပြဋ္ဌာန်းထားသည့် ကလေးအလုပ်သမား၏အသက်အရွယ်၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ အစရှိသည့် ခေါင်းစဉ်များ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)