ကလောမြို့၌ တစ်ခါသုံးပလတ်စတစ်အပါအဝင် ပလပ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်းမရှိစေရေးနှင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ လျှော့ချသုံးစွဲရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကလော ဇွန် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၊ မြို့နယ်ခန်းမ၌ တစ်ခါသုံးပလတ်စတစ်အပါအဝင် ပလပ်စတစ်၊ စွန့်ပစ်ပစွည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်းမရှိစေရေးနှင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ လျှော့ချသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ခန်းမကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နေ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလမင်းသန်းက ပလတ်စတစ်ညစ်ညမ်းမှုနှင့်စီမံခန့်ခွဲရေးနည်းလမ်းများခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းက မိုးရာသီကာလ ရေကြီး၊ ရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ကလောချောင်းအနီးနေထိုင်ကြသည့် ပြည်သူများအား ပလတ်စတစ်နှင့် အမှိုက်များမစွန့်ပစ်ကြရန်နှင့် အမှိုက်များအား စနစ်တကျစွန့်ပစ်ကြရန် အသိပညာပေးဟောပြောခဲ့သည်။ ထို့‌နောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video Clip ပြသခဲ့ပြီး ပလတ်စတစ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)