တာချီလိတ် ဇွန် ၁၂
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ချယ်ရီမြေလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများထံ သွားရောက်ဖြန့်ဝေခဲ့သည်။
ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေသည့် ချယ်ရီမြေလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများဥပဒေ ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေမှ ပြဋ္ဌာန်းထားသည့် ကလေးအလုပ်သမား၏ အသက်အရွယ်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ၏ ပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်နှင့် ကလေးအလုပ်သမားပပျောက်ရေး ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များဖြင့် ကဏ္ဍစုံလင်စွာ ထည့်သွင်းဖော်ပြထားသည့် လက်ကမ်းစာစောင်များကို အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)