ရှမ်းပြည်နယ်

မိုင်းနောင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာသန်စွမ်း၍ ရောဂါကင်းဝေးစေရန်နှင့် သန္ဓေသားများ ဖွံ့ဖြိုးစေရန်အတွက်  လစဥ် ပုံမှန်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၉) နာရီက တိုက်နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းရယ်၌ အသက် ၂ လမှ ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်ရေးအသင်းရုံးတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ပြုလုပ်ရာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းစိန်ညွန့်နှင့် ဒေါ်နန်းခမ်းနောင့်တို့က  မြို့နယ်အတွင်းရှိ အသက် ၂ လမှ ၁ နှစ်ခွဲအရွယ်ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယိုကာကွယ်ဆေး (သောက်ဆေး/ ထိုးဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ-B၊ ဦးနှောက်အမြှေးရောင်)၊ ဂျပန်ဦးနှောက်ရောင်နှင့် ဝက်သက်-ဂျိုက်သိုးဆေးများအား ထိုးနှံပေးခဲ့သည်။

နောင်တရားမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ တီကျစ်နာဂါးဘိလပ်မြေစက်ရုံတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအ​​ခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က စက်ရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၈)နာရီက မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် MCCT အာဟာရအသိပညာပေးသင်တန်း ဖွင့်လှစ်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းနှင့် MCCT အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။

ကျောက်မဲမြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စနစ်တကျ ထုတ်ချေးပေးလျက်ရှိ

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ရပ်ကွက်(၁)ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲ၌ တောင်သူများအား ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဘဏ်ခွဲ၌ ကျင်းပသည်။

မူဆယ်မြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌  ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ် ကျန်းမာရေးအဆင့်မြင့် ကျောင်းဆရာဖြစ်  သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပညာရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆-၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့် ကျောင်းဆရာဖြစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

နမ့်စန်မြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသော “ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်