မိုင်းရယ် ဇွန် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်ရေးအသင်းရုံးတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ပြုလုပ်ရာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းစိန်ညွန့်နှင့် ဒေါ်နန်းခမ်းနောင့်တို့က မြို့နယ်အတွင်းရှိ အသက် ၂ လမှ ၁ နှစ်ခွဲအရွယ်ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယိုကာကွယ်ဆေး (သောက်ဆေး/ ထိုးဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ-B၊ ဦးနှောက်အမြှေးရောင်)၊ ဂျပန်ဦးနှောက်ရောင်နှင့် ဝက်သက်-ဂျိုက်သိုးဆေးများအား ထိုးနှံပေးခဲ့သည်။
မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနအနေဖြင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို လစဉ် ၁ ကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)