ကျိုင်းတုံ ဇွန် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၈)နာရီက မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အတွင်းရေးမှူး၊ ရဲမှူးကြီး နေမျိုးထွဋ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင်ဆုရရှိသော ကျောင်းသား/သူများကို ရဲမှူးကြီး နေမျိုးထွဋ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့နှင့် ဒေါ်နန်းနော်တို့ကလည်းကောင်း၊ ကျိုင်းတုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လေးတို့က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကျိုင်းတုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ခေါင်းစဥ်ဖြင့်အသိပညာပေးဟောပြော၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီဒီယိုပြသခြင်းနှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)