နောင်တရားမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

နောင်တရား ဇွန် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ တီကျစ်နာဂါးဘိလပ်မြေစက်ရုံတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအ​​ခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က စက်ရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပင်လောင်းမြိုနယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေလင်းအောင်က သင်တန်းဆင်းပွဲမိန့်ခွန်းပြောကြားပြီး သင်တန်းသို့ တက်ရောက်လာသော စက်ရုံမှသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသည် သင်တန်းသား (၃၅) ဦးဖြင့် သင်တန်းကာလ ရက်သတ္တပတ် (၂) ပတ် လက်တွေ့လေ့ကျင့်သင်ကြားခဲ့ကြောင်း သိရသည်။

နောင်တရား(ပြန်/ဆက်)