ရှမ်းပြည်နယ်

ကျောက်မဲမြို့၌ သီးသန့်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း ဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ သီးသန့်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရပ်ကွက်(၁)ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” “A Global Call For Climate Action” အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။

ကျေးသီးမြို့၌ ပုံမှန်ကာကွယ်ဆေးတိုက် ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးဆေးခန်းတွင် အသက်(၂)လမှ (၁၀)နှစ်အတွင်း ကလေးများကို ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ရပ်စောက်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်တွင်ပါဝင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝဆောင်ရွက်ရာ၊ ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံသားတစ်ဦး၏အခွင့်အရေးများကို အပြည့်အဝရရှိစေရန်အတွက် အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး) နဝရတ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်) ခန်းမဆောင်တွင် ကျင်းပသည်။

မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း တစ်ရပ်အဖြစ် စာရေးသူ အောင်သင်းရေးသားသော “လူငယ်ရဲ့ ဘဝနှင့်တန်ဖိုး” စာအုပ်ဖြင့် စာဖတ် ဝိုင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်သူ့စာကြည့်တိုက်၏ Book Club, Youth Club, Women Club အဖွဲ့ဝင်များနှင့် စာချစ်သူများ တက်ရောက်ခဲ့ကြသည်။

ကျောက်မဲမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရပ်ကွက်(၈)ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးနဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ ပုံမှန်ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ မွေးစမှ အသက် ၂ နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

မူဆယ်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မြန်မာ-တရုတ် ကလေးငယ်များ၏ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုင်ရာ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ‌ဆောင်ရွက်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်