မူဆယ် ဇွန် ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်စီမံကိန်းဦးစီးမှူး ဦးကျော်မင်းသိန်းက သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့သည်၊၊ ဆက်လက်၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၆) တွင် တက်ရောက်ခဲ့သော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့သည်။ ယင်းနောက် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သင်တန်းသားများနှင့် အိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူများက လက်တွေ့ငြှိမ်းသတ်ခြင်းများ ပြသဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ သင်တန်းသူများအား မီးငြှိမ်းသတ်ရာတွင် အသုံးပြသည့် အထောက်အကူပြုပစ္စည်းများ၏ လုပ်ဆောင်ချက်များအား မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်