ရှမ်းပြည်နယ်

ရပ်စောက်၌ ရာဂီမုန်တိုင်းကြောင့် စပါးနှင့်သီးနှံများ ထိခိုက်ပျက်စီးမှုအပေါ် နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်သည့် ရေကြီးရေလျှံမှု နှင့်စပ်လျဉ်း၍ ရပ်စောက်မြို့နယ်အတွင်းရှိ စိုက်ဧက (၂၃၆) ဧကပျက်စီးခဲ့သည့် တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများထည့်သွင်းနိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်‌ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့မအားကစားဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။

မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ "မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိူင်းတုံခရိုင်၊ မြို့ယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်အမျိုးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ "မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ  အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပခဲ့သည်။

ကလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) “ဝိုင်းဝန်းကာကွယ်မူးယစ်‌ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး တို့ရှောင်ရှား” ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ယနေ့ နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲအား ယနေ့ နံနက် (၉) နာရီခွဲက အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲများကျင်းပ၍ ဆုများချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် Book Club အသင်း၊ မိုးရိပ်ရှမ်းတောင်၊ တောင်တန်း လူငယ်နှင့် ကရုဏာရှင်လူမှုကူညီရေးအသင်းများနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)(နမ့်စန်မြို့)တို့ ပူးပေါင်းဆောင်ရွက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီနှင့်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ပင်လောင်းမြို့နယ် အခြေခံပညာမူလတန်း(လွန်)စင်းတောင်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရေးနှင့် ဗလငါးတန်ပြည်စုံစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်တောင်းပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာမူလတန်း(လွန်)စင်းတောင်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေနုတ်မြောင်းနှင့် ချောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ရှင်းလင်းတင်ပြ

တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေနုတ်မြောင်းနှင့် ချောင်းများရေစီးရေလာကောင်းမွန်ရေးအတွက် ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ပြည်နယ်စည်ပင်သာယာရေးဌာနနှင့် ပြည်နယ်လမ်းဦးစီးဌာနတို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
Subscribe to ရှမ်းပြည်နယ်