ရှမ်းပြည်နယ်

မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Pfizer ထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Pfizer ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မူဆယ်၌ အမှတ်(၄) အခြေခံပညာမူလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ အမှတ်(၄)၊ အခြေခံပညာမူလွန်ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာ စက်တော်ဘေးမဲ့တောနေရာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်ဩဝါဒါစရိယ တုမ်မိုဘုန်းတော်ကြီး သင်ပညာရေးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမာဃိန္ဒ၊ လင်းခေးခရိုင် သစ်တောဦးစီးမှူး ဦးဝင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေတိုင်းရင်းသားပြည်သူများ အင်အား ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

မိုင်းဖြတ်၌ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ)မှ ခေတ္တဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် အခြေခံပညာကျောင်းများ၌ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်  ၉ နာရီခွဲက ပြုလုပ်သည်။

မိုင်းယောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပသည်။

နမ့်စန်မြို့ အမှတ်(၃)ရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ်(၃)ရပ်ကွက် မြို့မဝိသုဒ္ဒိဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းနှင့် ရပ်မိရပ်ဖများ၊ ရာစုမှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

မိုင်းယုမြို့၌ COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်ရောဂါကာကွယ်ဆေး Pfizer ကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာရေးဌာနရုံးသို့ ကွင်းဆင်းဆောင်ရွက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်