ရှမ်းပြည်နယ်

လင်းခေးမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး၍ ၂၀၂၅ ခုနှစ် ဇူလိုင်(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီခွဲက လင်းခေးမြို့၊ ရွာမကြီး အနောက်ရပ်စိုက်ကွင်း၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ကိုင်သူများ ပိုမိုများပြားလာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများ၌ စိုက်ပျိုးရေး လုပ်ကိုင်သူများ များပြားလျက်ရှိရာ စီးပွားဖြစ်စိုက်ပျိုးကြသည့်အပြင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး လုပ်ငန်းကိုလည်း ပူးတွဲလုပ်ကိုင်သူများ ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်သည့် လုပ်ငန်းကိစ္စရပ်များအား ညှိနှိုင်းအစည်းအဝေး ကျင်းပ

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ကာ သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ မိမိတို့မြို့နယ်များအလိုက် လုပ်ငန်းဆောင်ရွက်မူများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြသည်။

ရပ်စောက်၌ စာပေချစ်မြတ်နိုးသူများအသင်း၊ အမျိုးသမီးအသင်း၊ လူငယ်အသင်းပြန်လည်ဖွဲ့စည်းနိုင်ရေး ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း၊ အမျိုးသမီးအသင်း၊ လူငယ်အသင်းပြန်လည်ဖွဲ့စည်းနိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုးနဲမြို့နယ်၌ မိုးမြေပဲမျိုးစေ့ထုတ်စိုက်ခင်းနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်ချိုကျေးရွာအုပ်စု လွိုင်ယူးကာကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်မျိုးသန့်ပွားမြေပဲ စိုက်ပျိုးထားရှိမှု၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှုနှင့် အခြားသီးနှံများစိုက်ပျိုးထားရှိမှုကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ပင်လုံမြို့ အ.ထ.က(၂)ကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး (Mobile Library)စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Mobile Library)စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်ကော်မရှင်ရုံးမှ ဝန်ထမ်းများထံ စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တုံတာမြို့၌ COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ကာကွယ်ဆေးကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိသည်။

ကလောမြို့နယ်၊ အောင်ပန်းမြို့မ အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက အောင်ပန်းမြို့မ၊ သမဝါယမအသင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့၌ စက်ချုပ်သင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းတွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် စက်ချုပ်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်