ရှမ်းပြည်နယ်

တာလေမြို့၌ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က နားယောင်းကျေးရွာအုပ်စု၊ နားယောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့တွင် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံ-၁၊ စာရေး-၃ ဝန်ထမ်းများအား မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံ-၁၊ စာရေး-၃ ဝန်ထမ်းများအား မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများပေးအပ်ခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အေးကျန့်အုပ်စု၊ ပါလောင်းကျေးရွာတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ပါလောင်းကျေးရွာ သူကြီးအိမ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နမ့်စန်မြို့ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာများသို့ အပတ်စဉ် ကွင်းဆင်း၍ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်၌ အမှတ် (၄) ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့တွင် စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်

ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် စည်ပင်သာယာရေးဌာနမှကြီးမှူးကျင်းပသည့် စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၃ နာရီအချိန်က မက်မန်းမြို့ တြိဂံလမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားလာစေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် အာဇာနည်နေ့ကိုမမေ့ဘဲ အမြဲသတိရအောက်မေ့နေစေရန် ရည်ရွယ်၍ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအထက်ဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးကွင်းသရုပ်ပြ စိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာ၊ ကွင်းအမှတ်(၃၈) တောင်သူ ဦးစိုင်းထွန်းလှိုင်၏ လယ်မြေတစ်ဧက‌နေရာတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ‌ တောင်သူလယ်မြေနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ အခွန်ပညာ‌ပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခွန်ပညာပေးရှင်းလင်းပွဲကို ယနေ့တွင် ပြည်တွင်းအခွန်ဦးစီးဌာန၊ ကျိုင်းတုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့နယ်အဆင့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယနေ့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ အပြည်ပြည်ဆိုင်ရာမူးယစ်အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်းများကို ကျိုင်းတောင်းမြို့ ဈေးအနီးရှိ မိန်းလမ်းမဘေး ဈေးဆိုင်များနှင့် လာရောက်ဈေးဝယ်သူများသို့ ဖြန်ဝေပေးခဲ့ကြောင်း သိရပါသည်။
Subscribe to ရှမ်းပြည်နယ်