တာလေမြို့၌ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

တာလေ ဇူလိုင် ၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က နားယောင်းကျေးရွာအုပ်စု၊ နားယောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်၊ တာလေမြို့ရုံးမှ လဝကမှူး ဦးအောင်လှိုင်ဌေးနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နားယောင်းကျေးရွာအုပ်စုအတွင်း ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၄၃) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားလာရောက် ထုတ်ယူကြသည့် ပြည်သူများအား တာလေမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက Biometric Data (UID) ကတ်များကို တစ်ပါတည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)