မက်မန်း ဇူလိုင် ၁၇
ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံ-၁၊ စာရေး-၃ ဝန်ထမ်းများအား မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးထင်မှ သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မွန်းမံသင်တန်းတွင် ဦးစီးအဖွဲ့ ဖွဲ့စည်းပုံနှင့် ဦးစီးတာဝန်လုပ်နည်းစနစ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြဠာန်းချက်များအပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအခန်းကဏ္ဍ၊ အခွန်အရပ်ရပ်ကောက်ခံခြင်းလုပ်ငန်းများ၊ အခြားဝန်ကြီးဌာနမှ လွှဲအပ်တာဝန်ပေးထားသည့် လုပ်ငန်းများ၊ မြေယာစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာဗဟုသုတ အထွေထွေ ဘဏ္ဍရေးဆိုင်ရာရေးဆွဲခြင်း၊ ဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများ၊ စီရင်ထုံးနှင့်ပြစ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြည်သူများပါဝင်သည့် ရဲလုပ်ငန်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဆိုင်ရာကိစ္စရပ်များ၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေဆိုင်ရာ၊ သဘာဝဘေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ မြို့နယ်စီပင်သာယာရေးဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာများ စသည့်အကြောင်းအရာများကို တာဝန်ရှိသူ (၁၆) ဦးတို့မှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား/ သင်တန်းသူ (၈) ဦး တက်ရောက်ခဲ့ကာ သင်တန်းကာလမှာ ၁၇-၇-၂၀၂၅ မှ ၁၈-၇-၂၀၂၅ အထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇက်ထွန်း(မက်မန်း)