တောင်ကြီးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ ပြုလုပ်
မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို တောင်ကြီးမြို့ အ.ထ.က(၂)နှင့် အ.ထ.က(၅)တွင် ယနေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် တောင်ကြီးခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ဝန်ထမ်းများ သင်တန်းသား/သင်တန်းသူ (၁၂၀)ဦး တက်ရောက်ခဲ့သည်။