မိုင်းဆတ် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ယနေ့ နေလယ်ပိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအား တစ်ဦး၊ တစ်ယောက်ကောင်းဆောင်ရွက်၍မရကြောင်း၊ ပတ်ဝန်းကျင်တွင်ဖြစ်ပွားနေသောညစ်ညမ်းမှုအမျိုးအစားများ၊ လေထုညစ်ညမ်းမှုကိုဖြစ်စေသောအကြောင်းရင်းများ၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသောသက်ရောက်မှုများ၊ ရေထုညစ်ညမ်းမှုကိုဖြစ်စေသောအကြောင်းရင်းများနှင့် ရေထုညစ်ညမ်းမှုကိုဖြစ်ပေါ်လာသောသက်ရောက်မှုများအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက မြေထု၊ မြေဆီလွှာကို ညစ်ညမ်းမှုဖြစ်စေသောအကြောင်းအရင်းများ၊ မြေထုညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်လာသော သက်ရောက်မှုများအားလည်းကောင်း အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးစာအုပ်၊ စာစောင်များ အားစိတ်ပါဝင်စားစွာဖတ်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)