မိုင်းရှူးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်

မိုင်းရှူး ဇူလိုင် ၂၁

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဉာဏစွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများအကြောင်း ပြောကြားပြီးမြို့ပေါ်ရှိ မူလတန်းအဆင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဉာဏစွမ်းရည်ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုရကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကျန်းမာရေး အသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေး ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူ(၄၂)ဦးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)