ရှမ်းပြည်နယ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပမည့်ဖယ်ခုံမြို့နယ်အတွင်းတာဝန်ရှိသူများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၃)အား၂၀၂၆ခုနှစ်ဇန်နဝါရီလ၂၅ရက် နေ့တွင်ကျင်းပပြုလုပ်မည် ဖြစ်သည့်အတွက်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နေ့လည်၁၁နာရီခွဲတွင် ဖယ်ခုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း ရှိခန်းမ၌

ကျေးသီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပပြုလုပ်နိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊‌ ကျေးသီးမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက် MEVM (၄၅၆)လုံးနှင့် ဆက်စပ်ပစ္စည်းများ ‌ကျေးသီးမြို့သို့ ယမန်‌နေ့ ည (၆:၃၀)နာရီက ရောက်ရှိခဲ့ကြောင်းသိရသည်။

လွိုင်လင်မြို့၊ ထင်းရှူးတောသဘာဝရိပ်သာသီလရှင်သင် မူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ ထင်းရှူးတော သဘာဝရိပ်သာသီလရှင်သင်မူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။

လွိုင်လင်မြို့ လွိုင်မုံ့မိုင်းမူလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ လွိုင်မုံ့မိုင်းမူလွန်ကျောင်းသို့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီခွဲအချိန်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

မူဆယ်မြို့ 7 Star ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို 7 Star ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့နံနက် ၁၀ နာရီအချိန်က ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ အဆိုပါ သင်တန်းကျောင်းရှိခန်းမ၌ ပြုလုပ်သည်။

ညောင်ရွှေမြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေး ဘာသာရပ်အလိုက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်

၂၀၂၆ ခုနှစ်၊ မတ်လတွင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ အောင်ချက်ရာခိုင်နှုန်း မြင့်မားရေးအတွက် တောင်ကြီးတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဆရာ/ဆရာမ များနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်သည်။

တောင်ကြီးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီးတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တောင်ကြီးတက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပသည်။

မိုင်းယန်းမြို့၌ ၂၀၂၆ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရွက်ပုန်းသီးမျိုးဆက် သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ဟော်ကန်ရပ်ကွက် အတွင်းရှိ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး ကော်မတီမှဖွင့်လှစ်သည့် အခြေခံစက်ချုပ်နှင့် ကွန်ပျူတာအခြေခံသင်တန်း ဆင်းပွဲတက်ရောက်

ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှဖွင့်လှစ်သည့် အခြေခံစက်ချုပ်နှင့် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက ညောင်ရွှေမြို့နယ် ညောင်ရွှေသက်မွေးပညာ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်