ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း အင်းလေးကန်အတွင်း ကြာကန်တူးဖော်နေမှု ကွင်းဆင်းကြည့်ရှု
ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် ညောင်ရွှေမြို့နယ် အင်းလေးဒေသထွက်ကုန်တစ်ခုဖြစ်သော ကြသင်္ကန်း၊ ကြာခြည်ထည်များရက်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် ပဒုမ္မာကြာပင်စိုက်ပျိုးရန်အတွက် အင်းလေးကန်အတွင်းရှိ အင်းပေါခုန်ကျေးရွာ၌ ကြာကန်တူးဖော် နေမှုလုပ်ငန်းကို ဇန်နဝါရီ(၁၈)ရက် နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။