ဆီဆိုင်မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဆီဆိုင် ဇန်နဝါရီ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့နံနက် ၁၀ နာရီအချိန်က ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ အဆိုပါ သင်တန်းကျောင်းရှိခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်အသိပညာဗဟုသုတ၊ လူငယ်နှင့်အကျင့်စာရိတ္တ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသူများအား စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် စာဖတ်ဝိုင်းပြုလုပ်ပေးပြီး မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကိုလည်း  ပြသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)