ရခိုင်ပြည်နယ်

ကြိုးကြာကွင်းရေလှောင်တမံ၊ ရုံးအဆောက်အဦခြံဝင်းအတွင်း ပါဝင်သွားသောလယ်မြေအတွက် လယ်ယာမြေလွှဲပြောင်းခြင်းနှင့် မြေယာလျော်ကြေးပေးအပ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာရှိ ကြိုးကြာကွင်းရေလှောင်တမံနှင့် ရုံးအဆောက်အဦ ခြံဝင်းအတွင်းပါဝင်သွားသော လယ်မြေဧက (၂.၈၁) ဧကအတွက် လယ်ယာမြေလွှဲပြောင်း ခြင်းနှင့် မြေယာလျော်ကြေးပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန် တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ယမန်နေ့ နေ့လယ် ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဘူးသီးတောင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မေယုရာတနာခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများအဖြစ် တာဝန် ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ကျောက်တော်မြို့တွင် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများကို တာဝန်ရှိသူများမှ သွားရောက်စစ်ဆေး

ကျောက်တော်မြို့တွင် ၂၀၂၁- ၂၀၂၂ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုများကို ယနေ့နံနက် (၁၀)နာရီ အချိန်က တာဝန်ရှိသူများမှသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက်အစည်း အဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ မေယုခန်းမ၌ ယနေ့ နေ့လယ် (၁၂)နာရီအချိန်က ၂၀၂၁-၂၀၂၂ပညာ သင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင်/ မြို့နယ်ရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများပူးပေါင်း၍ အခြေခံ မဲဆန္ဒရှင်စာရင်းများပြည့်စုံ မှန်ကန်စေရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများအား မတ်လ တတိယအပတ်မှစတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေး ဆောင်ရွက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးသတ်ဦးစီးဌာနမှ မီးလောင်မှု မရှိစေရေးအတွက် စာသင်ကျောင်းများသို့ ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သံတွဲမြို့၌ ၂၀၂၂ခုနှစ်မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေး

သံတွဲမြို့၌ ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

မြောက်ဦးမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာဖြေဌာနများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိမှု အခြေအနေတို့ကို တာဝန်ရှိသူများမှ သွားရောက်စစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်၌ ၂၀၂၁-၂၀၂၂ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် အတွက်စာစစ်ဌာန (၄)ခုသို့သွားရောက်ပြီး စာမေးပွဲဖြေဆိုမည့် အခန်းများ ပြင်ဆင်ထားရှိမှုနှင့် လုံ ခြုံမှုရှိ/မရှိ တို့ကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ပြိုလက်ဝဲမြို့၌ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများအား မီးဘေး လုံခြုံရေး စစ်ဆေးခြင်းကို ပြန်လည်လက်ခံရေးစခန်း မီးသတ်ဦးစီးဌာနနှင့် နယ်မြေခံရဲစခန်း မှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်