သံတွဲမြို့၌ ၂၀၂၂ခုနှစ်မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေး

သံတွဲ  မတ်  ၂၉

သံတွဲမြို့၌ ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က အမှာစကား ပြောကြားရာ၌ သံတွဲမြို့တွင် ၂၀၂၂နှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းနိုင်ပါက သံတွဲမြို့၏ အေးချမ်းသာယာမှုရှိသော ပုံရိပ်ပေါ်ပေါက်ကာ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုများရရှိကာ လူမှုဘ၀ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သဖြင့် ကော်မတီများ၊ မြို့မိမြို့ဖများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလို ကြောင်းပြောကြားသည်။ ဆက်လက်၍ မြို့မိမြို့ဖများ၊ ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ၂၀၂၂နှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

သံတွဲမြို့နယ်တွင် ၂၀၂၂ခုနှစ်မဟာသင်္ကြန်ပွဲတော်ကို သံတွဲမြို့တွင်ဗဟိုမဏ္ဍပ်တစ်ခုနှင့် ငပလီမြို့တွင် ဗဟိုမဏ္ဍပ် တစ်ခုထားရှိပြီး ရပ်ကွက်ကျေးရွာများမှလှပျိုဖြူလေးများ၏  ယိမ်းအကပြိုင်ပွဲများ အခြားဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)