မြောက်ဦးမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာဖြေဌာနများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိမှု အခြေအနေတို့ကို တာဝန်ရှိသူများမှ သွားရောက်စစ်ဆေး

မြောက်ဦး မတ် ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်၌ ၂၀၂၁-၂၀၂၂ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် အတွက်စာစစ်ဌာန (၄)ခုသို့သွားရောက်ပြီး စာမေးပွဲဖြေဆိုမည့် အခန်းများ ပြင်ဆင်ထားရှိမှုနှင့် လုံ ခြုံမှုရှိ/မရှိ တို့ကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ မြောက်ဦးမြို့ပေါ်၌ စာစစ်ဌာန(၄)ခုသို့ သွားရောက်စစ်ဆေးရာတွင်  မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူး ကြီး တင်ထူးလှိုင်ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေး အတွင်းရေးမှူး ယာယီဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ ဒုခရိုင်အထွေထွေအုပ်ချုပ် ရေးမှူး ဦးအောင်ကျော်နိုင်၊ ခရိုင်မီးသတ်ဌာနမှ လက်ထောက်ညွန်ကြားရေးမှူးဦးခိုင်ဇော်ဟိန်း၊ ခရိုင်ပညာရေးမှူး ဒေါ်တင်တင်မြင့် တို့ ပါဝင်သည့်အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ခု ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် အေးချမ်းတည်ငြိမ်စွာ ဖြေဆို နိုင်ရန်အတွက် စာဖြေဌာနများသို့ သွားရောက်၍ စာမေးပွဲဖြေဆိုမည့် အခန်းများ ပြင်ဆင်ထား ရှိမှုနှင့်လုံခြုံမှုရှိစေရေး၊ မီးဘေး အန္တရာယ်လုံခြုံမှု ရှိစေရေး၊ သောက်သုံးရေများလုံလောက်မှု ရှိစေရေးနှင့် ရေလုံအိမ်သာများလုံလောက်မှု ရှိစေရေး၊ ကျန်းမာရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို သွားရောက်ပြီး ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)