တောင်ပြိုလက်ဝဲမြို့၌ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

တောင်ပြိုလက်ဝဲ မတ် ၂၉

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများအား မီးဘေး လုံခြုံရေး စစ်ဆေးခြင်းကို ပြန်လည်လက်ခံရေးစခန်း မီးသတ်ဦးစီးဌာနနှင့် နယ်မြေခံရဲစခန်း မှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင်  ပြန်လည်လက်ခံရေးစခန်း မီးသတ်ဦးစီးဌာနမှ တပ်ကြပ်​ကြီး ကျော်ထွန်းနိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများတွင် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဆုံးရှုံးမှု မရှိစေရေးအတွက်  မီးကိုစနစ်တကျအသုံးပြုစေရေး၊ အမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်စေရေး၊ လျှပ်စစ်မီးအသုံးပြုပါက လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိ မရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်း များဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ရှေးဦးမီးသတ်ဆေးဘူး၊ မီးသတ်ကပ်ပြား၊ မီးသတ်ချိတ်၊ ရေစုကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေးပို့ချပါရန် စသည့်တို့ကို  အကြံပြု လမ်း ညွှန် မှာကြားခဲ့ကြကြောင်း သိရသည်။

တောင်ပြို(ပြန်/ဆက်)