ကြိုးကြာကွင်းရေလှောင်တမံ၊ ရုံးအဆောက်အဦခြံဝင်းအတွင်း ပါဝင်သွားသောလယ်မြေအတွက် လယ်ယာမြေလွှဲပြောင်းခြင်းနှင့် မြေယာလျော်ကြေးပေးအပ်ပွဲကျင်းပ

တောင်ကုတ် မတ် ၃၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာရှိ ကြိုးကြာကွင်းရေလှောင်တမံနှင့် ရုံးအဆောက်အဦ ခြံဝင်းအတွင်းပါဝင်သွားသော လယ်မြေဧက (၂.၈၁) ဧကအတွက် လယ်ယာမြေလွှဲပြောင်း ခြင်းနှင့် မြေယာလျော်ကြေးပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန် တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဦးတို့မှ အမှာစကား ပြောကြားပြီးနောက် ‌ရေလှောင်တမံနှင့် ရုံးအဆောက်အဦဝင်းခြံတွင်း ပါဝင်သွားသော ကွင်းအမှတ် (VT-၇)၊ ဦးပိုင်အမှတ်၊ (၁၁/၁) လယ်မြေ (၂.၈၁) ဧကအတွက် တစ်ဧကလျှင်ကျပ် (၂၅၀၀၀၀ဝိ) နှုန်းဖြင့် ကျသင့်ငွေ (၇၀၂၅၀၀ဝိ) ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးနှင့် ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဦးတို့မှ ပေးအပ်ရာ သက်ဆိုင်သူများမှ လက်ခံရယူကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြေယာလျော်ကြေး ငွေရယူကြမည့်သူများ တက်ရောက်ခဲ့ကြသည်။

တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာအုပ်စုရှိ ကြိုးကြာကွင်းရေလှောင်တမံကို (၁၉၉၄-၁၉၉၅) ဘဏ္ဍာနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်/ဆက်