ရခိုင်ပြည်နယ် ရသေ့တောင်မြို့အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေး ဆောင်ရွက်

ရသေ့တောင် မတ် ၂၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်  စာစစ်ဌာနများတွင် မီးသတ်ဦးစီးဌာနမှ မီးလောင်မှု မရှိစေရေးအတွက် စာသင်ကျောင်းများသို့  ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဒုမီးသတ်ဦးစီးမှူးအောင်ချမ်းသာ ဦးဆောင်သောအဖွဲ့တို့သည် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ် စေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ မီးသတ်ဆေး ဗူးများ၊ မီးပလပ်ခေါင်းများ၊ မီးဘေး ကာကွယ်ရေး ပစ္စည်းများအား အသင့်ထားရှိစေရေး၊ ဟောင်းနွမ်း လျှပ်စစ်ဝါယာကြိုးများကို အသုံးမပြုကြရန်စသည်တို့ကို စစ်ဆေးခဲ့ကြပြီး ကျောင်းအုပ်ကြီးများနှင့် သက်ဆိုင်သူများအား တွေ့ဆုံခဲ့၍ ဆောင်ရန်ရှောင်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)