ရမ်းဗြဲ မတ် ၃၁
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ စာစစ်ဌာန(၁၀)ခုတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေလျက်ရှိကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် ကျောင်းတွင်း ဖြေဆိုရန် (၁၁၁၇)ဦးနှင့် ပြင်ပဖြေဆိုရန် (၁၁၁၃)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၂၂၃၀)ဦး စာရင်းပေးသွင်းခဲ့ရာ ယနေ့ဖြေဆိုသူ(၂၀၃၄)ဦး၊ ပျက်ကွက်သူဦးရေ ၁၉၆)ဦးရှိခဲ့သည်။
ရမ်းဗြဲမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ စာစစ်ဌာနများသို့ သွားရောက်ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)