သံတွဲမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/သူ (၂၁၁၄)ဦး ဝင်ရောက်ဖြေဆို

သံတွဲ မတ် ၃၁

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့ နံနက် ၉ နာရီမှ စတင်၍ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စာစစ်ဌာန(၈)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သံတွဲမြို့နယ်အတွင်းရှိ စာစစ်ဌာန(၈)ခုတွင် စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ(၂၂၆၂)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၂၁၁၄)ဦးရှိပြီး ပျက်ကွက်သူဦးရေ(၁၄၈)ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက စာစစ်ဌာနများသို့ လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)