ရသေ့တောင်မြို့၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲစတင်ဖြေဆို

ရသေ့တောင် မတ် ၃၁

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့ နံနက် ၉ နာရီမှစတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့တွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များက စာစစ်ဌာနများသို့ သွားရောက် ကြီးကြပ်ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခြင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။

ရသေ့တောင်မြို့နယ်၌ ကျောင်းတွင်းမှ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၁၀၄၄)ဦး၊ အလွတ်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၁၉၉၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၀၃၈)ဦးရှိရာ ယနေ့ မြန်မာစာဘာသာအားဆိုသူ (၂၇၃၄)ဦးရှိပြီး၊ ပျက်ကွက်သူ(၃၀၄)ဦး၊ ဖြေဆိုရာခိုင်နှုန်းမှာ (၈၉.၉၉)ရာခိုင်နှုန်းဖြစ်ပြီး၊ ပျက်ကွက်(၁၀.၀၁)ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ရသေ့တောင် မြို့နယ်အတွင်း စာစစ်ဌာနစုစုပေါင်း (၈)ခုရှိပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန်အတွက် အ.ထ.က-၁၊ အထက၂၊ အမက ၂ ၊အမက ၄၊ မေယုခန်းမ၊ အားကစားခန်းမ၊ အလိုတောင်ပြည့် ကျောင်းတိုက်၊ သာသနာ့ဇောတိပါလကျောင်းတိုက်၊‌စေတီယဂ်ဏကျောင်းတိုက်နှင့် ဇီးကိုင်းစာစစ်ဌာနကို စစ်တွေ အထက(ခွဲ)အလက(၅) ရေတပ်ကျောင်း စာစစ်ဌာနတို့တွင် အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)