ဘူးသီးတောင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

ဘူးသီးတောင် မတ် ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝှမ်း ယနေ့မှစ၍ စတင်ဖြေဆို လျက်ရှိရာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ တစ်နေ့လျှင်(၁) ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၃)နာရီကြာ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို စာစစ်ဌာန ၅ ခုဖြစ်သော  အထက(၁)၊ အထက(၂)၊ အထက(ခွဲ)အလက(၂)၊ အထက(ခွဲ)အလက(၃)၊ အထက-လက်ဝဲဒက် ပုဇွန်ချောင်း စသည့် စာစစ်ဌာနများတွင် စာရင်းရှိ(၂၁၄၀)ဦးရှိကာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသူ၊ ကျောင်းသား(၁၈၉၃)ဦး ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)