အမ်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများအား စာစစ်ဌာန (၈)ခု၌ စတင်ဖြေဆို

အမ်း မတ်  ၃၁

အမ်းမြို့နယ်၌ ၂၀၂၁/၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများအား ယနေ့ နံနက် ၉ နာရီအချိန်က စတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ မြန်မာ စာဘာသာရပ်အား စတင်ဖြေဆိုလျက် ရှိကြောင်း သိရသည်။

အမ်းမြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း (၈)ခုရှိပြီး အမ်းမြို့ပေါ်ရပ်ကွက်များ၌ စာစစ်ဌာ( ၃)ခု မြို့နယ်အတွင်း၌ စာစစ်ဌာန (၅) ခုရှိပြီးကျောင်းတွင်းမှဝင်ရောက်ဖြေဆိုခွင့် လျှောက်ထားသူ ကျောင်းသား/ကျောင်းသူ(၁၂၅၂)ဦး နှင့်ကျောင်း​ပြင်ပမှဝင်ရောက် ဖြေဆိုခွင့် လျှောက်ထားသူ ကျောင်းသား ကျောင်းသူ (၉၆၆)ဦး စုစုပေါင်း (၂၂၁၈)ဦး ဝင်ရောက်ဖြေရန် စာရင်းပေးထား လျက်ရှိကြောင်းနှင့် ယနေ့ မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိကြောင်း အမ်းမြို့နယ် ပညာမှူးရုံးမှ သိရသည်။

စိုးမင်းထွန်း

မြို့နယ်ပြန်/ဆက်